Monday, April 23, 2018

ချွဲတတ်လွန်းတဲ့ ချစ်သူလေးကို အလိုလိုက်လွန်းတဲ့ သူရိယ

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲလေးအဖြစ် ပရိသတ်တွေအချစ်ပိုနေကြရတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကတော့ မိတ်ဆွေတွေနဲ့အတူ ဘန်ကောက်သို့ လည်လည်သွားခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ မြန်မာနိုင်ငံသို့ ပြန်ရောက်လာကြပြီပဲ ဖြစ်ပါတယ်။ ဘန်ကောက်ကအပြန် လေဆိပ်မှာ ချစ်သူလေးက လမ်းမလျှောက်နိုင်တော့ဘူးလို့ ချွဲတာကြောင့် သူရိယက ခရီးဆောင်အိတ်တင်တဲ့လှည်းလေးပေါ် တင်ပြီးခေါ်လာရတာပါ။ ချွဲတတ်လွန်းတဲ့ ဘေဘီဆုနဲ့ အလိုလိုက်တတ်လွန်းတဲ့ သူရိယတို့နှစ်ဦးကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ စုံတွဲလေးပါပဲနော်။

သူရိယကတော့ ချစ်ရသူလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေရတာကိုပဲ အပျော်ကြီးပျော်လို့နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်တူ ကိုယ်တူနဲ့ အနုပညာအလုပ်တွေကို ကြိုးစားပြီးလုပ်ကိုင်ရင်း ပြီးပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက်နေကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ချစ်ဖို့ကောင်းတဲ့ ဘေဘီဆုလေး

Source;Thu Riya’s Facebook

မမနန်းဆုရဲ့ Live မှာ ဝင်ရှုပ်ခဲ့တဲ့ မောင်လေး G Fatt

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ မမနဲ့ မောင်လေးစုံတွဲလေးဖြစ်တဲ့ နန်းဆုရတီစိုးနဲ့ G Fatt တို့ချစ်သူနှစ်ဦးကတော့ မိတ်ဆွေတွေနဲ့အတူ ကမ်းခြေသို့ အပန်းဖြေရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ နန်းဆုကတော့ ကမ်းခြေရောက်အမှတ်တရအဖြစ် ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်းဆုရဲ့ live မှာတော့ G Fatt က ပျော်ပျော်ရွှင်နဲ့ စနောက်ရင်း ဝင်ရှုပ်ခဲ့တာကြောင့် ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ကမ်းခြေမှာပျော်နေကြတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးဖွယ်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ နန်းဆုရဲ့ Live မှာ နန်းဆုရဲ့မောင်လေးပါဆိုပြီး ပျော်ပျော်ပါးပါး စနောက်ခဲ့ပါသေးတယ်နော်။

G Fatt နဲ့ နန်းဆုကတော့ live မှာ ပရိသတ်တွေကို သီချင်းအတူတူဆိုပြခဲ့ကြပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကြည်နူးစရာကောင်းလှတဲ့ နန်းဆုတို့ ချစ်သူနှစ်ဦးကို သဘောကျရင်တော့ Share သွားကြဖို့ မမေ့ပါနဲ့နော်။

Người đăng: Nansu Yati Soe vào 22 Tháng 4 2018

Source;Nansu Yati Soe’s Facebook

မိုးစက်ဝိုင်းရဲ့ အကောင့်ကို ဟက်ပြီး sexy ပို့စ်တွေတင်နေတဲ့ ဟက်ကာအဖွဲ့

Miss Universe Myanmar 2013 မိုးစက်ဝိုင် ဟာ သူမရဲ့ offical facebook အကောင့် အဟက်ခံထားရတယ်လို့ သိရပါတယ်။ ဟက်ကာအဖွဲ့ဟာ သူမရဲ့ အကောင့်ကိုယူသုံးပြီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ပို့စ်တွေတင်၊ sex ပုံတွေ Share တာတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် တရားစခန်းဝင်နေတဲ့ မိုးစက်ဝိုင်ဆီကိုလဲ ဖုန်းဖြင့်ခြိမ်းခြောက်ငွေညှစ်ခြင်းတာတွေပြုလုပ် နေတယ်လို့လဲ သူ့မရဲ့ fanတွေဆီကနေသိရပါတယ်။

အဆိုပါ အပြုအမူတွေကြောင့် မိုးစက်ရဲ့ ပရိသတ်​တွေ အထင်မြင် မလွဲအောင် သူမရဲ့ we love moesetwine page မှာ သတိပေးစာလေးတင်ထားပါတယ်။

မိုးစက်ရဲ့offical facebook accနဲ့page Hackခံထားရပါတယ် hacker များမှမိုးစက်ရဲ့နာမည်နဲ့accသုံးပီး ရိုင်းစိုင်းသောအသုံးနှုန်းများsexပုံများshareခြင်းများပြုလုပ်ခဲ့ပါတယ်။ ဖုန်းဖြင့်ခြိမ်းခြောက် ငွေညစ်ခြင်း များလည်းပြုလုပ်လျက်ရှိပါတယ်၊ မိုးစက်အနေနဲ့ယခုတရားစခန်းဝင်နေတယ်လို့သိရှိရတဲ့ အတွက် လက်ရှိမဖြေရှင်းနိုင်သေးကြောင်း မိုးစက်ပရိသတ်များအနေဖြင့် မိုးစက်နာမည် သုံးကာရိုင်းစိုင်းသောအပြုအမူများထပ်မံပြုလုပ်လာလျှင် အထင်မြင်လွဲမှားမည်ဆိုသောကြောင့် တင်ပေးခြင်းဖြစ်ပါတယ်။ မိုးစက်ဝိုင်ဆိုတာ သူ့ဟာသူအေးဆေးနေတဲ့သူပါ သူ့အချစ်ဆုံးjellyလေး မရှိတော့လို့ ခံစားရတာတကြောင်း အေးချမ်းချင်လို့ တရားစခန်းဝင်ပါတယ်ဆိုကာမှ ဖုန်းဆက်ခြိမ်းခြောက်မှုတွေလုပ်နေတော့ မလွန်လွန်ဘူးလားhackersတို့ရယ် ငွေဆိုတာရိုးရိုးသားသား ရှာလို့ရပါတယ် သူတပါးကိုစိတ်ဆင်းရဲအောင်လုပ်ပီးတော့မယူချင်စမ်းပါနဲ့ shareပေးခြင်းဖြင့်ကူညီပါ ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Source – Welovemosetwine page

တစ်​ဘဝလုံးနဲ့ ရင်းထားရတဲ့ မိသားစု​လေးဘက်​က​နေ အမြဲရပ်​တည်​သွားမယ်​ဆိုတဲ့ ဆုပန်​ထွာ

ယဉ်​ယဉ်​​လေးနဲ့လှတဲ့ သရုပ်​​ဆောင်​ဆုပန်​ထွာက​တော့ ချစ်​တတ်​လွန်းတဲ့ခင်​ပွန်းနဲ့​ တီတီတာတာနဲ့ချွဲတတ်​တဲ့သားသား​လေး Roar Roar Kyawတို့နှစ်ဦးနဲ့အတူ ​အေးချမ်းတဲ့မိသားစုဘဝ​လေးကို ပိုင်​ဆိုင်​ထားတာပဲ ဖြစ်​ပါတယ်။ သူမက​တော့ မိသားစုပုံ​လေး​တွေကိုကြည့်​ရင်း ဖြစ်​​ပေါ်လာတဲ့ ခံစားမှု​လေး​တွေကို ကြည်​ကြည်​နူးနူးနဲ့ ရင်​ဖွင့်​ခဲ့တာပါ။ ဆုပန်​ထွာက​တော့ “ကိုယ်အပျိုတုန်းက လူပြောသူပြောလွတ်ခဲ့ဖူးပေမယ့် ဒီအိမ်ထောင်လေးတည်ထောင်တဲ့အချိန် အမှန်တရားရှိပေမယ့် လူပြောသူပြောများပြီးကြောက်စရာလောကဓံဆိုတာကို ကြံ့ကြံ့ခံရင်း ဒီအိမ်ထောင်လေးကိုခက်ခဲကြမ်းတမ်းစွာနှစ်ယောက်လုံးတည်ထောင်ခဲ့ရပါတယ်။ လင်မယားနှစ်ယောက်လုံးဘဝတွေပြောင်းပြန်လှန်ပြီးမိသားစုဘဝလေးကိုစခဲ့ရတာမို့တန်ဖိုးကြီးလွန်းပါတယ်။ ဒီပုံလေးတွေရတော့ကြည့်ပြီးရင်ထဲကြည်ကြည်နူးနူးလေးခံစားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအပေါ်တန်ဖိုးထားချစ်ပြီး၊အိမ်ပေါ်ကဆင်းလာခဲ့တဲ့ကျွန်မရဲ့အိမ်ထောင်ဦးစီးကို တန်ဖိုးထားရင်း၊လေးစားရင်း သူ့ကို Ko Okkar Kyaw ကိုဘာအရာနှင့်မျှမလဲနိုင်တော့ပါဘူး။” ဆိုပြီး အခက်​အခဲ​တွေကြားက တည်​​ဆောက်​ခဲ့တဲ့ မိသားစု​​လေးရဲ့အ​​ကြောင်းကို သူမရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာ​ပေါ်မှာ ​ရေးသားထားတာပါ။

ကြည်​နူးစရာ​ကောင်းလှတဲ့ မိသားစုဘဝအစက​နေပြီး​တော့ အခုအချိန်​ထိ​ ဖြစ်​ခဲ့သမျှခံစားချက်​​တွေကို​တော့ “ကိုဥက္ကာ ပန်ပန့်ကိုစပြီး Propose လုပ်တုန်းက သူပန်ပန့်ကိုချစ်တာအပြင်တခါတည်းပါလက်ထပ်ချင်တာ၊ပျော်စရာကောင်းတဲ့မိသားစုလေးသူလိုချင်တာ၊နေချင်တာ လို့ပြောခဲ့ဖူးပါတယ်။ သူအရာရာကိုစွန့်လွှတ်ခဲ့ပြီးပန်ပန်နဲ့ဘဝကိုနှစ်ယောက်အတူတူခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကျော်ဖြတ်ရင်း သူဖြစ်ချင်တဲ့ဘဝလေးရအောင်သူကြိုးစားဖန်တီးခဲ့တယ်လို့ ဒီပုံလေးတွေကြည့်ရင်းကြည့်ရင်း ပန်ပန်သူ့အပေါ်မြင်မိပါတယ်။ မင်္ဂလာဆောင်လက်ထပ်ပြီးတော့လဲ ကလေးလေးတစ်ယောက်ချက်ချင်းယူမယ်ပြောလို့၊ ချက်ချင်းကလေးမယူသေးဖို့မနည်းပြောပြခဲ့ရပါတယ်။ယူပြီး ၆ လနောက်ပိုင်းလတိုင်းဗိုက်ကြီးပီလားမေးမေးပြီး မကြီးသေးဘူးဖြေတိုင်းမျက်ရည်တွေဝိုင်းပြီး ဝမ်းနည်းနေတတ်တဲ့သူ့ကြည့်ပြီးကိုယ်ပါ Baby လေးအရမ်းလိုချင်လာပါတယ်။ အခုလည်းသူအရမ်းလိုချင်လို့ Baby လေးယူခဲ့ရပေမယ့် Roar Roar Kyaw ကိုအခုကျွန်မကပိုချစ်ပါတယ်။ ခိ…😂😂😂 အခု သားသားကပါ ကျွန်မစိတ်တွေကိုတီတီတာတာနဲ့နူးညံ့တတ်အောင်၊ သည်းခံတတ်အောင်၊ ကိုယ့်ပါးလေးကိုသူ့လက်ကလေး သေးသေးလေးတွေနဲ့ကိုင်ကိုင်ပြီး မားမား မာမား လို့ခေါ်တတ်တာလေးကရင်ထဲပျော်စရာလေး။ သူလုပ်လို့မားမားနာသွားရင်တောင် နာတာကိုစိတ်မဆိုးအောင်အိုင်တင်လေးတွေနဲ့ ချက်ချင်းအရည်ပျော်အောင်လုပ်ပြတတ်နေပါပြီ။အရင်တုန်းကသူများအန်ရင်ဘေးကနေပျို့ပျို့တက်ပြီးကိုယ်ပါလိုက်အန်တတ်တဲ့ကျွန်မ၊ အခု Roar Roar တခါတလေနေမကောင်းလို့နို့ချဉ်တွေများအန်ရင် ကိုယ်ကလက်နဲ့လိုက်ခံရင်း သားလေးကိုသနားလွန်းလို့အန်ချင်ဖို့နေနေသာသာ ကိုယ်သာဖြစ်လိုက်ချင်တယ်သားရယ်ဆိုပြီးအန်ဖတ်တွေတကိုယ်လုံးရွဲ ချည်ဆော်တေနံရင်းတန်းလန်း မျက်ရည်ကျရတာအခါခါရယ်။ အရင်ကအရမ်းအအိပ်မက်ခဲ့တဲ့ကျွန်မ သားသား တစ်နှစ်နဲ့ခုနှစ်လသာကျော်တာ တစ်ရက်မှညဘက်ကောင်းကောင်းမအိပ်ဖြစ်ဖူးရယ်။ အခုထိ မာမား ဗူးဗူးဆိုတာနဲ့ ငေါက်ကနဲထထိုင်ရင်း သားအတွက်နို့ဗူးထဖျော်တာတောင် သူအားရပါးရနို့စို့တာကိုအိပ်ချင်မူးတူးကြည့်ရင်းပျော်နေတတ်တဲ့ကျွန်မပါ။
တခါတလေဘယ်လောက်ပင်ပန်းပင်ပန်းဘယ်လောက်အိပ်ရေးပျက်ပျက် မိသားစုဘဝလေးကြည်နူးလွန်းလို့ “ချစ်စရာကောင်းတဲ့သားလေးပေးထားတဲ့ယောင်္ကျားကို ကျေးဇူးတင်ပါတယ်” လို့ပန်ပန်အမြဲပြောတတ်ပါတယ်။ ဘယ်အခြေအနေဘယ်လိုပဲဖြစ်ဖြစ် ဘဝတစ်ခုလုံးနဲ့ရင်းပြီးတည်ထောင်ခဲ့ရတဲ့မိသားစုလေးမို့……. ကျွန်မယောက်ျားဘက်မှာအမြဲနေပါမယ်! ကျွန်မသားအရှေ့ကအမြဲမားမားမတ်မတ်ရပ်ပါမယ် မာမား…ဆုပန်ထွာ” ဆိုပြီး​တော့ သူမရဲ့​လေးနက်​တဲ့ချစ်​ ခြင်း​မေတ္တာကို ကြည်​ကြည်​နူးနူး ​​ပြောပြထားတာပဲ ဖြစ်​ပါတယ်​။

Source:Supan Htwar’s Facebook

ကောင်းကောင်းရဲ့ မွေးနေ့ပွဲ အမှတ်တရပုံရိပ်များ

ဧပြီ ၂၀ရက်နေ့ကကျရောက်တဲ့ အဆိုတော်ကောင်းကောင်းရဲ့ မွေးနေ့မှာ သူ့ရဲ့ ဇနီးချောလေး Xiao Mei Mei နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပုံလေးတွေကို ကြည့်နူးဖွယ်ရာတွေ့မြင်ရမှာပါ။ ကောင်းကောင်းဟာ အတိတ်ကအကြောင်းအရာတွေကြောင့် ယခုချိန်ထိ တိုက်ခိုက်မှုတွေ ဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့် သူ့သားလေးရဲ့မျက်နှာကြောင့် အင်အားတွေဖြစ်ကာ သူ့ကိုအားပေးတဲ့ ပရိသတ်တွေနဲ့ အနာဂတ်ခရီးကို ဆက်လက်လျှောက်လှမ်းနေခဲ့ပါတယ်။ အဆိုတော်ကောင်းကောင်းရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် သာယာချမ်းမြေ့တဲ့ မိသားစုဘ၀လေးနဲ့ အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်နိုင်ပါစေနော်။

Source – Xmm fb

နှစ်ဆန်းတစ်ရက်နေ့နဲ့ပတ်သက်တဲ့ ရှေးအယူဆများ…

နှစ်ဆန်းတစ်ရက်နေ့နဲ့ပတ်သက်တဲ့ ရှေးအယူဆများ…

၁။ ဒီနေ့မှာ ဝမ်းနည်းကြေကွဲ မျက်ရည်ကျနေမယ်ဆိုရင် တစ်နှစ်ပတ်လုံး ပူဆွေးသောက ရောက်ရတတ်တယ်…

၂။ ဒီနေ့မှာ ပင်ပမ်းဆင်းရဲသော အလုပ်များ စိတ်ဖိစီးစေသော အလုပ်များ လုပ်နေရပါက
တစ်နှစ်ပတ်လုံး ရုန်းကန်ရတတ်တယ်…

၃။ ဒီနေ့မှာ ပစ္စည်းဥစ္စာငွေကြေးများ ချေးငှားခြင်း အကြွေးရောင်းချခြင်း မပြုသင့်ပါ…

၎။ ဒီနေ့မှာ ဘုရားသွား ကျောင်းတက် ကုသိုလ်ယူပါ ကောင်းမှု့တွေ လုပ်ဆောင်ပါ…

၅။ ဒီနေ့မှာ ပျော်ပျော်နေပါ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပါ တစ်နှစ်ပတ်လုံး ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ရတတ်တယ်…

၆။ ဒီနေ့မှာ စားကောင်းသောက်ဖွယ်တွေ စားသောက်ပါ နှစ်ပတ်လုံး ကောင်းမွန်စွာစားသောက်ရတတ်တယ်…

၇။ ဒီနေ့မှာ ဘုရာဖူး အလည်ပတ်ခရီးတွေ အပန်းဖြေထွက်ပါ တစ်နှစ်ပတ်လုံး စိတ်ချမ်းသာရတတ်တယ်…

credit မူရင်း

မိသားစုနဲ့အတူ ပြင်ဦးလွင်မြို့မှာ အပန်းဖြေနေတဲ့ ခိုင်သင်းကြည်

မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကတော့  ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ နေ့စဉ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးတတ်တဲ့ သူတစ်ေ်ယာက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုနဲ့ အတူရိုက်ထားတဲ့ ဓါတ်ပုံတွေကိုလည်း ပြန်လည်မျှဝေပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခိုင်သင်းကြည်ဟာ သူမရဲ့ ချစ်ရတဲ့ သမီးရယ်၊ခင်ပွန်းရယ်နဲ့အတူ ပြင်ဦးလွင်မြို့ကို အပန်းဖြေခရီးရောက်ရှိနေပါတယ်။ ခိုင်သင်းကြည်ကတော့ ပြင်ဦးလွင်မြို့ရဲ့ မနက်စောစောအချိန်မှာ မိသားစုနဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။

ခိုင်သင်းကြည်တို့ မိသားစုရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source:Khine Thin Kyi

အဓိပ္ပါယ်ရှိစေတဲ့ကားတွေပဲ သီးသန့် ရိုက်ကူးတော့မယ်ဆိုတဲ့ ဇေရဲထက်

မင်းသားဇေရဲထက်ကတော့ အနုပညာလောကမှာနေရာရထားတဲ့ လူငယ်အနုပညာရှင်တွေထဲ တစ်ယောက်ပါ။ကျရာ ဇာတ် ရုပ်မျိုးစုံကိုပီပြင်စွာ သရုပ်ဆောင်တတ်သူတစ်ယောက်ပါ။ရုပ်ရှင်ထက် ဗီဒီယိုကားတွေ ပိုအရိုက်များတဲ့ ဇေရဲ ထက် ကတော့ ဗီဒီယိုခေတ်ပျက်နေချိန်မှာ သူ့ရဲ့ ပရိသတ်တွေ အတွက် ဇာတ်ကားကောင်းတစ်ကား ချပြသွားဖို့ ရှိတယ်လို့ သူ့ရဲ့ fb က တစ်ဆင့် အခုလို အသိပေးထားပါတယ်။

လက်တလောဖြစ်ပျက်နေတဲ့ ကိစ္စကို အခြေခံပြီး ဇာတ်ကားတစ်ခုကို အကောင်းဆုံးဖန်တီးနေတဲ့ အကြောင်း နဲ့ ဇာတ်ကား နာမည်ကိုတော့ (၂၅)ရက်နေ့မှာ တင်ပေးသွားမယ်လို့ ဆိုပါတယ်။နောက်ပိုင်းမှာလည်း အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကား တွေကိုပဲ သီးသန့်ရိုက်ကူးတော့မယ်လို့လည်း ပြောခဲ့ပါတယ်။

“ကျနော် အခုတလောဖြစ်ပျတ်နေတဲ့ကိစ္စလေးကိုအခြေခံပြီး ဇာတ်တဇာတ်ကိုအကောင်းဆုံးဖန်တီးနေပါတယ် ၂၅ ရက်နေ့မှာစတင်ပြီးtitle ကိုတင်ပေးပါမည်းးး videoခေတ်ပျတ်နေတယ့်လိုပြောနေတဲ့အချိန် ကျနော်လုပ်ခွင့်ရှိတဲ့videoကားကိုကျနော့်အမျိုးတွေအတွက် အကောင်းဆုံးချရိုတ်ပေးပါမည်းးး ပညာပေး ခွန်အားရှိစေမည့်ကားကောင်းတကားဆိုတာရဲရဲကြီးအာမခံပါတယ်းးးနောက်ဆိုဒီနေ့ကစပြီး ကျနော်ဇေရဲထက်သည် အဓိပ္ပါယ်ရှိစေသည့်ကားများကို သာသီးသန့်ရိုတ်ကူးပါတော့မည်းးးးးးးးးးးးးးးးးးးးးးးးးးးး ကျနော်အတွက်ခက်ခဲပင်ပန်းကြီးစွာရလာတဲ့ နေရာလေးတနေရာမှာ ကျနော့်လောကအတွက် အကောင်းဆုံးလေးတွေဖြစ်အောင်တက်နိုင်သ၍ ကျတော်လုပ်ဆောင်ပေးသွားပါမည်းးးးး…” ဆိုပြီး တင်ထားပါတယ်။ ဇေရဲထက်ရဲ့ ပရိသတ်တွေကတော့ သူဖန်တီးတဲ့ ဇာတ်ကားအကြောင်းကို အရမ်းသိချင်နေကြပါတယ်။

 

from ဇေရဲထက်ရဲ့ fb

ဆံပင်ကျွတ်ခြင်း၊ဆံပင် ဖြူခြင်း၊ ဆံသား နှစ်ခွဖြစ်ခြင်းတို့အတွက် ပျဉ်တော်သိမ်ရွက်

ဆံပင်ကျွတ်ခြင်း၊ဆံပင် ဖြူခြင်း၊ ဆံသား နှစ်ခွဖြစ်ခြင်းတို့အတွက် ပျဉ်တော်သိမ်ရွက်

ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို အကြံပေးချင်ပါတယ်။

တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများရအောင် နည်းလမ်းကောင်းလေးတွေပေးချင်ပါတယ်။

(၁) ဆံကေသာအတွက် (curry leaves) ပျဉ်တော်သိမ်ရွက်ကို ကျိုရမယ့်အပိုင်းပါ။

ပျဉ်တော်သိမ်ရွက် အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်၊ သံပုရာတစ်လုံးကို အရည်ညှစ်ယူပြီးသကြားအနည်းငယ် ထည့်ပေးပါ။

ပျဉ်တော်သိမ်ရွက်က အစာခြေစနစ်အတွက် အထူးကောင်းမွန်ပြီး ဆံကေသာ ပြသနာ အတော်များများကိုကူညီ ဖြေရှင်းပေးပါတယ်။ဒါကို…..သောက်ပေးရမှာဖြစ်ပါတယ်၊

(၂) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ Hair mask တစ်ခုခုပြုလုပ်ရပါမယ်။

ပျဉ်တော်သိမ် အနည်းငယ်ယူပြီး ပျစ်ပျစ်လေးဖြစ်အောင် ကျိုလိုက်ပါ၊ အဲဒါကို ဒိန်ချဉ်နဲ့ ရောစပ်ပြီး ဆံပင်ကို လိမ်းပါအဲ့ဒီအတိုင်း ဦးရေပြားပေါ် ၂၅ မိနစ်ခန့်ထားပြီး ဆံပင်ကို ခေါင်းလျှော်ရည်ပျော့ပျော့နဲ့ လျှော်ပေးပါ။

အဲဒီအတိုင်း တစ်ပတ် ၁ ကြိမ် လုပ်ပေးပါက အချိန်တိုအတွင်း ဆံပင်တွေ ရှည်ထွက်လာတာ တွေ့ရပါလိမ့်မယ်။

ဆံကေသာကို နက်မှောင် လင်းလက် တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်။

(၃) ဆံပင်ကျွတ်ခြင်းကင်းဖို့ ဆံပင်သန်ဆေးပြုလုပ်ရပါမယ်။

ပျဉ်တော်သိမ် …အနည်းငယ်နဲ့ အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါ။ အဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင် ပိုကြီးထွားမြန်စေပါတယ်။
ဒီနှစ်ခုကို အနက်ရောင် အနယ်ထိုင်သွားတဲ့အထိ ပွက်ပွက်ဆူအောင် တည်လိုက်ပါ။

အနယ်ကျသွားပြီးလို့ အေးလာတဲ့အခါ ဦးရေဖျားတစ်ခုလုံးလိမ်းပေးပါ။

၁-နာရီကြာအောင် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့နဲ့ ဆေးချရပါမယ်။

ဒီဆံပင်သန်ဆေးကို တစ်ပတ် ၂ ကြိမ်စလိမ်းပြီးလို့ ၁၅ ရက်အတွင်း အကျိုးရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီအဆီက ဆံပင်ကြီးထွားစေရုံ မဟုတ်ဘဲ ဆံပင် မဖြူအောင်လည်း ကာကွယ်ပေးပါတယ်။

ဒီနည်းလမ်းဟာ ဆံပင်သန်စွမ်းခြင်းနဲ့ ကြီးထွားဖို့အတွက် အကောင်းဆုံး နည်းဖြစ်ပါတယ်။

Ref:darkhouse.in
RoyalHeroMedia

ကျွန်တော် အရမ်းအားကျမိတဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် မဝေသစ်လွင်

ကျွန်တော် အရမ်းအားကျမိတဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် မဝေသစ်လွင်

မဝေသစ်လွင်အကြောင်း ရေးဖို့တွေးနေတာ တော်တော်ကြာပါပြီ ခုတော့ အကယ်ဒမီပေးပွဲရဲ့ ပုံရိပ်တွေကြောင့် ပိုလူသိများလာလို့ ရေးဖို့ သတိရသွားတာပါ။ သူ့ကို အရမ်းအားကျမိတယ်ဆို လွန်တယ် မထင်ပါနဲ့။ သူဟာ အသက်၂၈နှစ်ပဲရှိပါသေးတယ်။

ကိုယ်နဲ့ အသက်သိပ်မကွာတဲ့ မိန်းမတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင်တစ်ဦးဖြစ်နေတာ ကျွန်တော်အရမ်း လေးစားမိတယ်။ သူဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်မကြီး Drဝင်းမင်းသစ်ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူက သစ်တော အရာရှိဟောင်း တစ်ယောက်ပါ။

သစ်တောဌာနမှ အနားယူပြီး sony electronic ကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အစောဆုံး တင်ပို့ ရောင်းချခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မဝေသစ်လွင်ဟာ ကလေးဘဝကတည်းက စီးပွားရေးနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေကို ဖခင်ထံမှ သင်ကြားခဲ့ရပါတယ်။

အဲဒီနောက် Haas School of Business University of California Berkeley USA မှာ Bachelor of Business administration ဘွဲ့ရယူခဲ့ပြီး လက်ရှိမှာ Myanmar Indo Best Company Limitedရဲ့ Director, TMW Enterprise Ltd ရဲ့ Executive Director, ABC Convenience Store Chainရဲ့ Managing Director အဲဒီလို ကိုယ်အိပ်မက်တောင် မမက်ဖူးတဲ့ ရာထူးတွေအပြင် INAX အိမ်ဆောက်ပစ္စည်း, T-Home ကြွေပြားစက်ရုံ, မိဘလုပ်ငန်းဖြစ်တဲ့ Sony electronic, Springfield ဆိုတဲ့ ယောက်ျားဝတ်၊ မိန်းမဝတ်အင်္ကျီBrand ကို စပိန်ကနေ franchise ယူပြီး သွင်းပါတယ်။

နောက်ထပ် woman secret မိန်းမအတွင်းဝတ် အင်္ကျီနဲ့ အတွင်းခံဘောင်းဘီဆိုင် abc Medical Service ကနေ cord blood သိမ်းတဲ့ အလုပ်ကိုလည်းလုပ်ပါတယ်။ အချင်းကော အချင်းထဲကသွေးရော ပင်မဆဲလ်တွေရော ကို သိမ်းပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။

abc network တွေကိုလည်း wireless လိုက်လုပ်ပေးတာ ရှိပါတယ်။ အခြားproject အနေနဲ့ pay here လဲ လုပ်နေပါတယ်။ ဥပမာ- air asia တို့ nok air တို့က airticket တွေကို အွန်လိုင်းကနေ ဝယ်ပြီးတော့ abc မှာ ပိုက်ဆံပေးချေလို့ ရပါတယ်။ ပြီးတော့ abc FM ဆိုပြီး လုပ်ထားပါတယ်။ နောက်တစ်ခုကတော့ ခုခေတ်စားနေတဲ့ Bellaပါ။

abc Convenience Store အလုပ်ခင်က ဝိတိုရိယဆေးရုံကိုလဲ တည်ထောင်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဆေးရုံကိုရောင်းပြီး abc Convenience Store ကို လုပ်ကိုင်ခဲ့တာပါ။

ရည်ရွယ်ချက်

သူ့ကို သဘောကျမိတဲ့ အဓိကအချက်ကတော့ ဘာအလုပ်ဘဲလုပ်လုပ် ရည်ရွယ်ချက်ကောင်းကောင်း ရှိနေခြင်းပါပဲ။

မြန်မာနိုင်ငံရဲ့ လူငယ်ထုကို သူတော်တော်လေး အလေးထားတာ တွေ့ရတယ်။ သူအမြဲပြောတဲ့စကားက သူ့ရဲ့ ဘယ်လုပ်ငန်း အကြောင်းကိုပဲ မေးမေး ရည်ရွယ်ချက်က တစ်ခုထဲဖြေတယ်။ Customerတွေကို value added ဖြစ်စေဖို့နဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရှိပြီး ဝန်ထမ်းတွေကို Educate လုပ်ဖို့ပါပဲ။ အရမ်းကို ပြီးပြည့်စုံတဲ့ ရည်ရွယ်ချက်ပါ။

abc Convenience Store Chain

သူ့ရဲ့ abc Convenience Store တွေက ဝန်ထမ်းတွေကို သူဘယ်လို train ပေးတယ်ဆိုတာကို နားထောင်ရတော့ အဲဒီ abc မှာတောင် သွားပြီး အလုပ်လုပ်ချင်စိတ် ပေါက်တယ်။ ကိုယ့်အတွက် အကျိုးအမြတ်တွေချည်းပဲမို့လေ။

abc storeမှာ ဝန်ထမ်းတွေအတွက် 4 years Program ဆိုပြီးရှိပါတယ်။ အလုပ်စဝင်ကတည်းက နေစရိတ်(or) နေစရာ ပေးပါတယ်။အလုပ်ပေးပါတယ်။ Overtime ပေးတယ်။ Performance Target ပေးတယ်။

Performance Allowance ပေးပါတယ်။ အဲဒါတွေအပြင် ပထမသုံးလအတွင်းမှာ ကွန်ပျူတာကိုကျွမ်းကျွမ်း ကျင်ကျင် ကိုင်နိုင်အောင်ရယ် ၊အင်္ဂလိပ်စာရယ်ကို သင်ပေးတာရှိပါတယ်။ ပြီးရင် ပထမသုံးလကနေ နောက်ခြောက် လပြည့်တဲ့အခါ CashCounter ကိုဘယ်လို ကျွမ်းကျွမ်းကျင်ကျင်ကိုင်ရမယ်။

ဈေးကိုဘယ်လိုရောင်းရမယ်ဆိုတာသေသေချာချာသိအောင် ဈေးရောင်း ရင်းနဲ့ အသက်မွေးဝမ်းကျောင်းလို့ရအောင် စသင်ပေးပါတယ်။ ပထမ (၆)လကနေ (၁) နှစ်အတွင်းမှာ ကွန်ပျူတာကို ပိုပြီးကျွမ်းကျင်လာအောင် သင်ပေးပါတယ်။ English စာ Training တွေသင်ပေးပါတယ်။

ပြီးရင် ဒုတိယနှစ်မှာဆိုရင် Management Training .Business နဲ့သက်ဆိုင်တဲ့အရာတွေကို စပြီးသင်ပြပေးပါတယ်။ အဓိကက Retail ဖြစ်တဲ့အတွက် Merchandizing ဘယ်လိုပစ္စည်းတွေကိုဝယ်ရမလဲ။ ဘယ်လို ပြရမလဲ။ ဘာဖြစ်လို့ ဘယ်ပစ္စည်းကိုဘယ်နေရာမှာ ပြရမှာလဲဆိုတာတွေကို သင်ပေးတယ်။ နောက် Order taking ပိုင်း၊ အဲဒါလေးတွေကို အဓိကသင်ပေးပါတယ်။ ပြီးရင် ဘယ်လိုပစ္စည်းတွေ တင်ရမလဲ ဘာလို့ ဒီပစ္စည်းကို တင်ရသလဲဆိုတာတွေကို သင်ပေးပါတယ်။
အဲဒါပြီးရင်တော့ Accounting ပေါ့။

Bookkeeping ပေါ့။စရိတ်တွေဘယ်လောက်ရှိတယ်။ စရိတ်တွေ ဘယ်လောက်တင်ရတယ်ဆိုတာ သင်ပေးပါတယ်။ ဒုတိယနှစ်နဲ့တတိယနှစ်ကြားမှာဆိုရင် P & Lဘယ်လိုဆွဲရလဲ။ဘယ်လိုရှုံးတာ မြတ်တာတွက်ရလဲ ဆိုတာတွေအပြင် လူတွေကို ဘယ်လို Manage လုပ်ရမလဲဆိုတာကအစ သင်ပေးပါတယ်။ ဒါကြောင့် ပထမသုံးလပြီးရင် Operator ဖြစ်ပါတယ်။

ပထမ ခြောက်လပြီးရင် Cashier ဖြစ်ပါတယ်။ ပထမတစ်နှစ်ပြီးရင် သူဟာစီနီယာဖြစ်ပြီ ဆိုတဲ့အတွက်ကြောင့်မို့လို့ ဆိုင်တစ်ဆိုင်မှာ သူ့လက်အောက်မှာ အုပ်ချုပ်ရတာတစ်ယောက် (သို့) နှစ်ယောက်ရှိပါတယ်။

အဲဒီလူတွေကိုသူအုပ်ချုပ်ဖို့ဆိုရင် သူကပိုသိရမယ် ဈေးလည်းပိုရောင်းတတ်မှရမယ် အဲဒီအတွက် Merchandizing Training တွေလဲ ပေးတာဖြစ်ပါတယ်။ ဒုတိယတစ်နှစ် ပြီးသွားရင်တော့ ဒီကလေးတွေဟာအဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်သွားပါတယ် ။

အဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်တဲ့အတွက် သူ့အောက်က ကလေးတွေကိုလည်း ဘယ်လိုသူ Manange လုပ်ရမယ် ဆိုတာကိုလည်း သူသိရပါမယ်။

အဲဒါပြီးရင်၂နှစ်ကနေ ၃နှစ်အတွင်းမှာ ဆိုရင်တော့ People Management ရယ် profit & loss ရယ်ဖြစ်ပါတယ်။ အဲဒီကနေ နှစ်နှစ်ခွဲလောက်အတွင်းမှာ သူသည် ဆိုင်မန်နေဂျာဖြစ်ပါမယ်။ ဆိုင်မန်နေဂျာ ဖြစ်တဲ့အတွက် သူ့အောက်မှာ ကလေးက အနည်းဆုံး (၁၂)ယောက်နဲ့ (၁၆) ယောက်ကြားကို သူအုပ်ချုပ်ရပါတယ်။

ဒါကြောင့် သုံးနှစ် ပြည့်သွားတဲ့အခါ သူ့ရဲ့ အုပ်ချုပ်မှု သက်တမ်းဟာ အနည်းဆုံး ၆လလောက် ရှိသွားပြီ ဖြစ်တဲ့အတွက် ဆယ်တန်းအောင်ထားတဲ့ ကလေးဟာ ဘွဲ့လည်း ရပြီးသွားပြီဆိုရင် သူသည် Junier level လောက်နဲ့ မဟုတ်ပဲAssistant Supervisor level လောက်နဲ့ စလို့ရပါတယ်။ တစ်ခြား တစ်နေရာကို သွားမယ်ဆိုရင်လည်း သူသည်အဲဒီ level လောက်နဲ့ သွားလို့ရပြီပေါ့။ နောက်တစ်ခုက abc convenience storeကို Franchise ပေးဖို့ ရှိပါတယ်တဲ့။

သူ့ဆိုင်က ၃နှစ်နဲ့ ၅နှစ်အတွင်း သက်တမ်းရှိတဲ့ ဝန်ထမ်းဟာ Store Manager တစ်ယောက်အနေနဲ့ ဒီဆိုင်ကိုသူ run တတ်နေပါပြီ။ မိဘကလည်းထောက်ပံ့ပေးမယ်။ ဒါမှမဟုတ် ဘဏ်ကပဲဖြစ်ဖြစ် ထောက်ပံ့ပေးမယ်ဆိုရင် သူ့ကိုယ်ပိုင်ဆိုင် ဖြစ်သွားအောင် Franchise ပေးပေးမှာဖြစ်ပါတယ်။

တခြားသူတွေလဲ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် Franchiseပေးမှာပါ။ကဲ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ စီးပွားရေးလဲ။ ကျွန်တော်ကတော့ အဆင်ပြေရင် Franchise ယူဖို့ အစီစဉ်ရှိပါတယ်။

နောက်တစ်ခုက Bella

Bella ပေါ်ခါစက ဈေးပေါတယ်ဆိုပြီး ကိုယ့်ပတ်ဝတ်းကျင်က လူတွေကအစ အထင်သေးကြတယ်။ မြန်မာတွေရဲ့ အကျင့်က ဈေးကြီးပေးရမှ ကောင်းတယ်ထင်တာ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံက brand ဖြစ်တဲ့အတွက် မြတ်မြတ်နိုးနိုးနဲ့ကို အားပေးခဲ့တာ။

အဲဒီအချိန် TV မှာ သူ့ interview လာတယ်။ bella အပေါ်သူ့စေတနာတွေ ကြားရတော့ bella ကိုလဲချစ် သူ့ကိုလဲ ချစ်မိတယ်။ သူက မြန်မာအမျိုးသမီးတွေရဲ့ ပျမ်းမျှဝင်ငွေကို တွက်ချက်ပြီး တစ်လမှာ cosmetic အတွက် ၅၀၀၀ ဝန်းကျင်ဖိုးလောက်ပဲ သုံးနိုင်တာကို တွေ့တော့ အဲဒီဈေးနဲ့ quality ကောင်းကောင်းသုံးနိုင်အောင် သူစဉ်းစားခဲ့တယ်။

ကမ္ဘာအကြီးဆုံး မိတ်ကပ်companyတစ်ခုနဲ့ ချိတ်ဆက်ပြီး bella ကို ထုတ်လုပ်ခဲ့တယ်။ bella brand ရဲ့ quality ကို အမေရိကားမှာ စစ်ဆေးပြီး အဆင့်ဆင့် ဂရုတစိုက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ကိုယ်ကတော့ bella ကိုတန်ဖိုးထားလို့ V- day မှာတောင် bellaကိုပဲ လက်ဆောင်တောင်းခဲ့တာပါ။
ဒီအချက်တွေကြောင့်ပဲ မဝေသစ်လွင်ကို လေးစားအားကျမိပါတယ်။

Writer-May Sandi Linlin Zaw
Credit-Zin Lin Maung Facebook Account မှကူးယူဖော်ပြပါသည်။

Related Articles