Thursday, May 24, 2018

DOTS ဇာတ်လမ်းတွဲရဲ့ခေါင်းဆောင်မင်းသားဖြစ်သူ Song Joong Ki နေရာကို ပယ်ချခဲ့တဲ့ခေါင်းဆောင်မင်းသား (၄)လက်

Descendants of the Sun ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားရဲ့နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်ပြီး မင်းသားဖြစ်သူ Song Joong Ki ဟာလည်း အဆိုပါဇာတ်လမ်းတွဲနဲ့အတူ ထိပ်ဆုံးက်ုရောက်ရှိခဲ့ပါတယ်။ မင်းသားဖြစ်သူ Song Joong Ki ရဲ့ဇာတ်ရုပ်ဖြစ်တဲ့ တပ်ကြပ်ကြီး Yoo Shi Jin နေရာကို တစ်ခြားမင်းသားတစ်ယောက်အနေနဲ့ အစားထိုးစိတ်ကူးယဉ်ကြည့်ဖို့ရာ ခက်ခဲပေမယ့် တကယ်ကိုပဲ အဆိုပါဇာတ်ကောင်နေရာကို တခြားမင်းသားတွေကို ကမ်းလှမ်းခဲ့ပါတယ်။ ဘယ်သူတွေ ကမ်းလှမ်းခံခဲ့ရပြီး ပယ်ချခဲ့သလဲဆိုတာ

အဆိုပါဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူပြောစကားအရ အဆိုပါဇာတ်ကောင်နေရာကို ပယ်ချခဲ့တဲ့ နာမည်ကြီးမင်းသားအများအပြားရှိခဲ့ပြီး ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရင်းက ထုတ်လွှင့်ပြသခြင်းမပြုမှီမှာပဲ ရိုက်ကူးရေး မပြီးစီးမှာစိုးလို့ပါတဲ့။

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ များသောအားဖြင့်အပိုင်းလိုက်ရိုက်ကူးလေ့ရှိပါတယ်။ အများပြည်သူရဲ့အားပေးမှုပုံစံကိုလိုက်ကာ ပြောင်းလဲပြင်ဆင်ခြင်းတွေပြုလုပ်ကြပါတယ်။

အဆိုပါဇာတ်ဆောင်မင်းသားနေရာကို ပယ်ချခဲ့တဲ့မင်းသားတွေဟာဆိုရင် Won Bin

Woo Bin

Gong Yoo

Jo In Sung

ကိုရီးယားလူမျိုးတွေတော်တော်များများဟာဆိုရင် အဆိုပါဇာတ်လမ်းတွဲရဲ့ခေါင်းဆောင်မင်းသားနေရာကို ပယ်ချခဲ့တဲ့ မင်းသားစာရင်းတွေကို ကြည့်ပြီး အံ့အားသင့်ကုန်ကြပါတယ်။ တော်တော်များများကတော့ ဗိုလ်ကြီးဖြစ်သူ Yoo Shi Jin နေရာမှာ Song Joong Ki ပါဝင်သရုပ်ဆောင်တာကို သဘောကျနေကြပြီး တစ်ချို့တစ်လေကလည်း အဆိုပါမင်းသားနေရာမှာ တစ်ခြားမင်းသားတွေကို အစားထိုးခြင်းအားဖြင့် ဘယ်လောက်တောင်မိုက်မလဲဆိုတာကို စိတ်ကူးယဉ်နေကြလေရဲ့။

Ref : Koreaboo

လူသိရှင်ကြား တောင်းပန်ပြီးနောက် ကြေအေးသွားပြီဖြစ်တဲ့ နေဒွေးနဲ့ ဒေါ်နှင်း

ယောက်ျားပီသတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်နေဒွေးကတော့ တလောက သူ့ရဲ့Live မှာ အမျိုးသမီးတစ်ဦးက မိတ်ကပ်ညီညီမောင် စမ်းချောင်းနဲ့ တူတယ်လို့အစပြုပြီး တရားစွဲဆိုမှုတွေပြုလုပ်ရတဲ့အထိ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီပြဿနာမှာတော့ အဆိုပါအမျိုးသမီးဘက်က တရားဝင်တောင်းပန်ပေးရင် ကြေအေးပေးမယ်လို့ဆိုခဲ့တဲ့ သူ့ရဲ့စကားအတိုင်း လူသိရှင်ကြား သူ့ကိုပြန်လည်တောင်းပန်ပြီးတဲ့နောက်ပိုင်းမှာ အမှုရုတ်သိမ်းပေးခဲ့တယ်လို့ သိရပါတယ်။ “အမှိုက်ကစ ပြသာဒ်မီးလောင်”ဆိုသလိုပဲ ကိစ္စသေးသေးလေးကနေ အကြီးကြီးဖြစ်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ နှစ်ဦးစလုံးက ရင်ထဲမှာ ဘာအစိုင်အခဲမှ မကျန်ရှိတော့ပဲ ရှင်းရှင်းလင်းလင်းနဲ့ ကြေအေးအဆင်ပြေခဲ့တာပါ။

နေဒွေးကတော့ “အနိုင် အရှုံးဘာမှမလိုချင်ပါဘူးဗျာ။မိတ်ကပ်ပညာရှင်နဲ့တူတယ်စပြောရုံနဲ့စိတ်ဆိုးတာထက်ကျွန်တော့်ကိုသိက္ခာကျအောင်Groupတွေမှာတင်တဲ့စကားတွေcommentတွေအတွက် အမှန်တရားအတိုင်းဘဲဖြစ်ချင်ခဲ့တာပါ။ ကျွန်တော်တို့ဟာ မြန်မာလူမျိုး တွေပါ အမှားသိလို့တောင်းပန်ရင်ကျေအေးပေးရမှာပါ။အခုဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် သူ့ဘက်ကစပြီးအမှားသိလို့တောင်းပန်ခဲ့တဲ့အတွက့် ကျွန်တော့်လည်းရှေ့မဆက်ဘဲအမှုပိတ်ပေးခဲ့ပါပြီ စိတ်ထဲလည်းဘာမှမရှိတော့ပါဘူးခင်ဗျ။ ကျွန်တော်ရဲ့စိတ်ဓါတ်နဲ့စိတ်ထားကိုသိပြီးကျွန်တော့်ကိုအရမ်းချစ်ကြတဲ့ We Love Idol Nay Dway fans တွေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ။ အားလုံးအေးအေးဆေးဆေးနဲ့ငြိမ်ငြိမ်းချမ်းချမ်း နဲ့ပြီးသွားပါပြီ 😍😘❤” ဆိုပြီး သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားခဲ့တာပါ။

နေဒွေးနဲ့ မိတ်ကပ်ညီညီမောင်စမ်းချောင်းတို့ကတော့ ချစ်ချစ်ခင်ခင်နဲ့ အေးချမ်းစွာရှိနေဆဲပါပဲနော်။

နေဒွေးကတော့ လတ်တလောမှာ မင်းသမီးလေး နန်းဆုဦးနဲ့အတူ “ဟော”ဆိုတဲ့ ဇာတ်ကားကို အကောင်းဆုံးပုံဖော်ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။

Source;Nay Dway’s Facebook

မသေပါဘူး ဆိုကာ ကိုယ်တိုင်ဖြေရှင်းလိုက်တဲ့ စိုင်းဆိုင်မောဝ်

 

ယနေ့ညဦးပိုင်းမှာ ဟစ်ဖြစ်နေတဲ့ အဆိုတော် စိုင်းဆိုင်မောဝ် ဆုံးပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။ တကယ်တော့ အဆိုပါသတင်းမှာ မလိုသူတွေရဲ့ မဟုတ်မမှန်သတင်းထုတ်ပြန်ချက်တွေဘဲဖြစ်ပါတယ်။ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ မကြာသေးခင် လပိုင်းကမှ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူပြီး ပြန်လည်ရောက်၇ှိလာခဲ့တာဖြစ်ပါတယ်။ ယခုထွက်နေ တဲ့ သတင်းဟာ ကောလဟာလသာ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကောလဟာလ သတင်းနဲ့ပတ်သက်ပြီး စိုင်းဆိုင်မောဝ်ဟာ သူမသေသေးကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Live လွှင့်ပြီး ဖြေ၇ှင်းခဲ့ပါတယ်။ စိတ်ပူနေကြတဲ့ စိုင်းဆိုင်မောဝ် ရဲ့ ပရိသတ်တွေရေ စိတ်အေးအေးထားပါနော် ၊ သူကို ယခုထက်ပိုပြီး ကျန်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦး။

သေဆုံးပြီလို့ သတင်းထွက်နေတဲ့ စိုင်းဆိုင်မောဝ်

ချစ်ရပါသောမိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးပင် တင်၇ှိပါတယ်လို့။

 

KKK(momolay)

Source – စိုင်းစိုင်မောဝ် ဖေ့စ်ဘုတ်

မမျှော်လင့်တဲ့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ရတော့မယ့် ပိုင်ဖြိုးသ

ချိုသာတဲ့အပြုံးလေးတွေ တမူထူးတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အထွေထွေကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရင်း မမျှော်လင့်ပဲ ခွဲစိတ်ကုသရတော့မယ့် အခြေအနေသို့ ရောက်ရှိနေခဲ့တာပါ။ ပိုင်ဖြိုးသုကတော့ “အားလုံးကိုအသိပေးကြောငြာစာလေးပါရှင့်📢�သုသု(၄)ရက်နေ့က Grand Hantha ဆေးရုံကြီးမှာ အထွေထွေကျန်းမာရေးစစ်ဆေးမှု package လက်ဆောင်ရတဲ့အတွက် ဆေးစစ်ဖြစ်ခဲ့ပါတယ်��မမျှော်လင့်ပဲ Ultrasound အဖြေက cystadenoma left ovary ဖြစ်နေခဲ့ပါတယ် အရည်အိတ်က75mm*67mm*67mm with septum ဖြစ်နေတာကြောင့် ခွဲထုတ်ရမယ့်အခြေအနေလေးဖြစ်နေပါတယ်��ဒါကြောင့် နိုင်ငံခြားဆေးရုံမှတာဝန်ယူနေတဲ့အဒေါ်နဲ့တိုင်ပင်လိုက်တော့ သူ့ဆီကိုလာလိုက်ပါသူစီစဉ်ပေးမယ်တိုက်တွန်းလို့အိမ်ကလည်းUK မှာခွဲစိတ်မှုပြုလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်��ကျန်းမာရေးအခြေအနေကြောင့်�သုသုမေလ(၂၀)ရက်ကနေဇွန်လ(၁၀)ရက်မှာခွဲစိတ်ဖို့ခရီးသွားမှာဖြစ်တာကြောင့် ဒီရက်တွေအတွင်း လက်ခံထားရတဲ့အလုပ်တွေအားလုံးကိုဖျက်လိုက်ရတဲ့အတွက် ဒီနေရာကနေသုသုအနူးအညွတ်တောင်းပန်ချင်ပါတယ်လို့ပြောချင်ပါတယ်….” ဆိုပြီး UK မှာ သွားရောက်ခွဲစိတ်မှာဖြစ်တာကြောင့် လက်ခံထားရတဲ့အလုပ်တွေအတွက်ကိုလည်း တောင်းပန်ထားပါသေးတယ်။

မထင်မှတ်တဲ့ ကျန်းမာရေးအခြေအနေကြောင့် သူမရဲ့ပရိသတ်တွေရော သူမကိုယ်တိုင်ပါ စိုးရိမ်နေကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေလည်း ပိုင်ဖြိုးသုတစ်ယောက် ခွဲစိတ်ကုသမှုမှာ တစ်စုံတစ်ရာအခက်အခဲမရှိပဲ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Myint Myat

Source;Paing Phyoe Thu’s Facebook

(၂၀၁၈)ခုနှစ်အတွက် တရုတ်ပြည်ရဲ့ အလှဆုံးမင်းသမီး (၁၀) ယောက်

တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ သူတို့ရဲ့ ရုပ်ရှင်ကားတွေ၊ တေးဂီတတွေနဲ့ နာမည်ကြီးနဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်ရဲ့ အလှပဂေးမင်းသမီး အချောအလှတွေကြောင့် တရုတ်ပြည်ဟာ ဆွဲဆောင်မှုရှိပြီး ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ တရုတ်နိုင်ငံရဲ့ မင်းသမီးတွေကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံတင်မက သူတို့ရဲ့ ဆွဲဆောင်အားကောင်းလွန်းတဲ့ အလှတွေကြောင့်လည်း နာမည်ကျော်ကြားကြပါတယ်။ ယခုနှစ် တရုတ်ပြည်ရဲ့ အချောအလှဆုံး မင်းသမီး (၁၀)ယာက်ကို zeomac.com ကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

1. Zhang Ziyi

သူမကတော့ ဥရောပမှာ အကျော်ကြားဆုံး အာရှဖွား မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေ ရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး၊ အနုပညာကြောင့် ရရှိတဲ့ ဝင်ငွေနဲ့ သန်းကြွယ်သူဌေးတစ်ပိုင်း ဖြစ်နေသူပါ။

2. Victoria Song

သူမကတော့ Kpop အဆိုတော်အဖွဲ့ F(x) ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အဆိုတော်မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။အသက် (၃၀)နှစ်အရွယ် Victoria ဟာ တရုတ်ပြည်မှာသာမက ကိုရီးယားနိုင်ငံမှာလည်း ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

3. Zhang Yuqi

သူမကတော့ တရုတ်ပြည်ရဲ့ အဟော့ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ နာမည်ပြောင်ကတော့ Kitty Zhang ဖြစ်ပါတယ်။ အသက်ကတော့ (၃၁)နှစ်ရှိပြီဖြစ်ပြီး အရမ်းနုပျိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်.

4. Li Bingbing

အဆိုတော်၊ မော်ဒယ်၊ မင်းသမီးတစ်ယောက်ဖြစ်တဲ့ အသက် (၄၄)နှစ်အရွယ် Ling Bingbing ကတော့ နာမည်ကျော် ဇာတ်ကားတွေဖြစ်တဲ့ Transformer: Age of Extinction, Resident Evil: Retribution ဇာတ်ကားတွေထဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ ကမ္ဘာကျော် တစ်ဦးပါ။ သူမရဲ့ ထူးခြားတဲ့ အလှတရားတွေက ဆယ်ကျော်သက်ကလေး အတိုင်းပါဘဲ။

5. Fan Bingbing

သူကတော့ ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်ပြီး Golden Horse Film Festival မှာလည်း ဆုတွေရရှိခဲတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ အသက် (၃၆)နှစ်ရှိပြီဖြစ်ပြီး သရုပ်ဆောင်ပညာရပ်သာမက ရုပ်ရည်လှပမှုကြောင့် မော်ဒယ်ဘဝမှာပါ ပေါက်မြောက်နေသူ ဖြစ်ပါတယ်။

6. Zhang Jingchu

တရုတ်ပြည်ရဲ့ အအောင်မြင်ဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Zhang Jingchu ကတော့ အသက် (၃၇)နှစ်ရှိပါပြီ။ အနုပညာနဲ့ပတ်သက်တဲ့ ဆုတွေလည်း အများကြီးရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး၊ အခုအချိန်ထိလည်း ဖတ်ရှင်မော်ဒယ်၊ ကြော်ငြာမော်ဒယ်ဘဝမှာ အောင်မြင်နေသူပါ။

7. Gao Yuanyuan

သူမကတော့ တရုတ်ပြည်ရဲ့ နတ်သမီးတစ်ပါးအဖြစ် တင်စားခံရတဲ့သူ ဖြစ်ပါတယ်။ အသက် (၃၈)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့  Gao Yuanyuan ဟာ ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ပညာရပ်မှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။

8. Lin Chi-Ling

တရုတ်ဆယ်လီမင်းသမီးတွေကြားမှာ အချိန်ကြာမြင့်စွာ အောင်မြင်မှုကို ထိန်းသိမ်းပြီး ကိုယ်ပိုင်နေရာတစ်ခု ရယူနိုင်ခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ အသက် (၄၃)နှစ် အရွယ်ရှိပြီဖြစ်တဲ့ Lin Chi-Ling ဟာ Red Cliff, Love on Credit ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

9. Zhou Xun

သူကတော့ နာမည်ကျော် တရုတ်ဇာတ်ကားတစ်ခုဖြစ်တဲ့ Flying Sword Of Dragon ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူတစ်ယောက်ပါ။ အသက် (၄၃)နှစ်ရှိပြီ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခွင့် ရနေဆဲပါဘဲ။

10. Liu Yifei

သူမကတော့ အဆိုတော် မင်းသမီးတစ်ယောက်ဖြစ်ပြီး အလှဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် သတ်မှတ်ခံထားရသူပါ။ အသက် (၃၀)ရှိပြီ ဖြစ်တဲ့ Liu Yifei ဟာ (၂၀၀၆)ခုနှစ်မှာမှ အနုပညာအလုပ်တွေကို စတင်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာအနှံ့ အောင်မြင်မှုတွေရနေတဲ့ မင်းသမီးဖြစ်ပါတယ်။

Source: Zeomac

ဒီကနေ့မှာ ကျရောက်တဲ့ အကယ်ဒမီလူမင်းရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ

ဒီကနေ့ မေလ(၇)ရက်နေ့ကတော့ အကယ်ဒမီမင်းသား ဒါရိုက်တာလူမင်းရဲ့ အသက် (၄၈)နှစ်ပြည့် မွေးနေ့လေးပါ။ မင်းသား လူမင်း ကတော့ ဇာတ်ပို့မင်းသား ဘယ်တော့မှ ခေါင်းဆောင်မင်းသားနေရာကို မရနိုင်ဘူးဆိုတဲ့ ခေါက်ရိုး ကျိုးနေတဲ့ အယူအဆကို ရိုက်ချိုးပြခဲ့သူပါ။ ဇာတ်ပို့မင်းသားဘ၀ကနေ အောင်မြင်နေတဲ့ ဇာတ်လိုက်မင်းသား တစ်ယောက်အဖြစ် ပရိသတ် အားပေးလက်ခံမှုကို ရခဲ့သူပါ။

 

(1987)ခုနှစ်တုန်းက မောင်အမည်နဲ့ ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ မောင်မြင့်မြတ် ရိုက်ကူးတဲ့ ” မြတ် နိုး တွယ်တာရပါသောမောင် ” ဇာတ်ကားနဲ့ လူသိများခဲ့ပါတယ်။ (၂၀၀၂)မှာတော့ “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ဇာတ်ကား နဲ့ အကယ်ဒမီရခဲ့ပါတယ်။ (၂၀၀၅)မှာတော့ “ကျန်စစ်သား” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပြီး  အကယ်ဒမီဆု ထပ်မံရရှိခဲ့ပါတယ်။ (2016) မှာတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ ရခဲ့ပါတယ်။ (၂၀၀၄)မှာတော့ ခင်စံပယ်ဦးနဲ့ လက်ထပ်ပြီး အခုဆိုရင်တော့ ချစ်စရာ ကောင်းတဲ့ သမီးလေး နဲ့ သားလေး တစ်ယောက်ကို ရရှိနေပါပြီ။

အခုဆိုရင်တော့ သရုပ်ဆောင်မင်းသားတစ်ယောက် အဖြစ် တင်မဟုတ်ပဲ ဒါရိုက်တာ လူမင်းပါ ဖြစ်နေပါပြီ။ Reflect ion – ရောင်ပြန် ဇာတ်ကားကို ဆိုရင်လည်း လူမင်းက ဒါရိုက်တာ အဖြစ် ရိုက်ကူး ပုံဖော်ခဲ့တာပါ။ ရုပ် ရှင်အစည်း ရုံးဥက္ကဌ တာဝန်ကိုတော့  (၂၀၁၄) မှ (၂၀၁၇) အထိ ထမ်းဆောင်ခဲ့ပါတယ်။အသက်(၄၈) နှစ်ပြည့် မွေးနေ့ အလှူကို တော့ မေလ(၇)ရက်နေမှာ မင်္ဂလာဒုံ မြို့နယ်ရှိ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ တွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့ရှိအနုပညာဆည်းဆာဘိုးဘွားရိပ်​သာမှာ ဘုရား​နေကဇာတင်​ခြင်းသံဃာ​တော်​များဆွမ်းကပ်​၊ဘိုးဘွားများ ကို ကန်တော့ခဲ့ပါတယ်။

Happy birthday par အန်ကယ်လေး!!

 

from လူမင်းရဲ့ fb

မစ်ဆုံမှာ အလှအပတွေဖွင့်ပြခဲ့တဲ့ သင်ဇာဝင့်ကျော်

နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်တစ်ယောက် ကချင်စစ်ဘေးရှော င်ပြည်သူများကို ” မုန်းလို့ရရင် မုန်းချင်တယ် ” အဖွဲ့သား တွေနဲ့အတူ သွားရောက်လှူဒါန်း ခဲ့တာဖြစ်ပါတယ်။ မြစ်ဆုံရဲ့အလှတရားတွေကိုလည်း သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ မှတ် တမ်းတင်ခဲ့ပါသေးတယ်။ ကျော့ရှင်းလွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်လေးက ပုရိသတို့ရဲ့ စိတ်ကူး ယဉ်ပန်းခင်းပါပဲ။ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေနဲ့သူမရဲ့ပုံရိပ်လေးတွေက ပရိသတ်တွေကို အမြဲလိုလိုဆွဲဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မင်းဦး၊ နေတိုးနဲ့ သူမတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ” မုန်းလို့ရရင်မုန်းချင် တယ် ” ဇာတ်ကားဟာ ပရိသတ်တွေကြားမှာ တော်တော် လေးရေပန်းစားခဲ့ပြီး အားပေး ကြည့်ရှုသူတွေကလည်း ရုံပြည့်ရုံလျှံပါပဲ။ Drama ဇာတ်ကားတစ်ကားဖြစ်ပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပုံဖော် ထားတာဖြစ်ပါတယ်။ မင်းဦး နေတိုးနဲ့ သင်ဇာတို့သုံးယောက်ရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေက ပရိသတ်တွေကို အပြတ်အသတ်ဆွဲဆောင်နိုင်မှာ အသေအချာပဲမို့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ။

လက်ရှိမှာတော့ ကချင်ပြည်နယ် မြစ်ဆုံကိုရောက်ရှိနေတဲ့ သင်ဇာဝင့်ကျော်ရဲ့အလန်းစား ပုံရိပ်တွေဟာ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစား လွန်းနေပါတယ်။ လှပတဲ့ခန္ဓာ ကိုယ်လေးနဲ့ လိုက်ဖက်စွာဝတ်ဆင်ထားတဲ့ သူမရဲ့လူငယ်ဆန်ဆန်ဖက်ရှင်လေးကို ပရိသတ် ကြီးလည်းမြင်တွေ့ရ အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Thinzar Wint Kyaw
credit – myanmarload .com

ပရိသတ်တွေကို ကြည်နူးစေခဲ့တဲ့ သူရိယရဲ့ မွေးနေ့အလှူပုံရိပ်လေးများ

ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာသူ မင်းသားတစ်ယောက်ဖြစ်တဲ့ သူရိယကတော့ မေလ (၆)ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ သူရဲ့ ချစ်သူနဲ့အတူ အလှူအတန်းတွေပြုလုပ်ပြီး ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။

မွေးနေ့မှာ ချစ်သူနှစ်ယောက်အတူ အတွဲညီညီနဲ့ ဘုရားတက် ကုသိုလ်ယူခဲ့တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားမှာ အတော်လေး ပျံ့နှံ့နေပြီး ပရိသတ်တွေကလည်း သူတို့နှစ်ဦးကို အတော်လေး ကြည်နူး အားကျနေကြတာပါ။ စိတ်တူ၊ကိုယ်တူ စုံတွဲလေးတစ်တွဲဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ အတွဲလေးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲလည်း ဖြစ်ပါတယ်။

မွေးနေ့ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခဲ့တဲ့ သူရိယရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Source: Thu riya

* အချစ်ရဲ့ ဒုက္ခ *


သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။

အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကို
သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။
သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်
ဘယ်လောက်အားကျလိုက်မလဲဆိုတာ
တွေးတောပြီး ပြုံးနေတတ်ပါတယ်။

ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်း
ဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင်
အတူလာနေချင်​​ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။

သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး
သားဆီက ပြန်စာကို မျော်နေတာပေါ့။
ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာ
သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။

ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းတန်
ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။
စာက အဲလိုရေးထားပါတယ်။

“ချစ်လှစွာသော မေမေ
သားနဲ့ သားဇနီး သေသေချာချာ ညှိနိုင်းကြည့်ပြီးပါပြီ။
မေမေကို မလာစေချင်ပါဘူး။
မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာ
တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။
အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ )
သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။
မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊
သားမိန်းမက မကြိုက်လို့ပါ။….”

မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင်
ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။
အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊
မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊
စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။

မိခင်ဆရာမဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။
တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။
တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကို
အသုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။
ခရီးတစ်လျှောက်လုံးမှာ ရှိတဲ့ သဘာဝတရားရဲ့
လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး
တစ်ခုခု အသိဝင်လိုက်သလို ခံစားလိုက်ရတယ် ။
အဲဒါနဲ့ သူ့မသားကို စာတစ်စောင် ထပ်မံရေးသားလိုက်ပါတယ်။

“ချစ်ရတဲ့ သား….
မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့
သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား
မပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက်ရပါတယ်။

သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး
မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊
အဲလိုနဲ့ အသိတစ်ခုဝင်လာသလိုပဲ၊ ဟုတ်ပါတယ်။
သားကို ကျေးဇူးတင်ရမယ်။

တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား
စိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက်
သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။
အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။

လောကကြီးမှာ အသေချာဆုံး၊ အရေရာဆုံး အရာဟာ
မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ
ကောင်းကောင်းကြီးသိသွားပါပြီ။
မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့
မရဘူးဆိုတာ သိသွားပါပြီ။

တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့
အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို
အားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။
မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။

အခုတော့ မေမေ့စိတ်ထဲမှာလည်း
သားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။
သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။
ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့၊
အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊
ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို
မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ် သား….”

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။

“ မိဘများရဲ့ အိမ်ဟာ သားသမီးများ
အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။
သားသမီးများရဲ့ အိမ်ဟာ မိဘများ
အချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။

ကလေးကို မွေးဖွားခြင်းဟာ တာဝန်၊
ပျိုးထောင်ခြင်းဟာ ၀တ္တရား ဖြစ်ခဲ့မယ်ဆိုရင်
အားကိုးလိုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။

အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
အိုစာနာစာအမြဲချန်ထားပါ။
အိုဖို့ အတွက် မအိုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။
Credit –

ဒီကနေ့ မေလ (၇) ရက်နေ့ ကတော့ ကြွေလွင့်သွားပြီဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင် ဒွေး ရဲ့ မွေးနေ့ဖြစ်ပါတယ်


ဒီကနေ့ ၊ မေလ (၇) ရက်နေ့ ကတော့ ကြွေလွင့်သွားပြီဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်သူ သရုပ်ဆောင် ဒွေး ရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, sitting

Image may contain: 2 people, people smiling, people standing

လာမယ့် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့မှာဆိုရင် သူ ကွယ်လွန်သွားတာ (၁၁) နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ် ။

Image may contain: 3 people, people sitting

Image may contain: 2 people, people smiling, people standing, mountain, outdoor and nature

Image may contain: 3 people, people smiling, people standing and outdoor

Image may contain: 8 people, people smiling

Image result for ဒွေး

Related Articles