ချီချီ နဲ့ ပုံတွေက စနောက်တာပါဆိုတဲ့ ဓါတ်ပုံထဲကအမျိုးသား

365

ယနေ့မနက်ခင်းတခုလုံးမှာ Beauty Blogger aနခြည်ဦး ရဲ့ တရင်းတနှီးရှိလှတဲ့ အမျိုးသားတို့ရဲ့ ကလပ်မှာ ပျော်နေကျတဲ့ပုံတွေ၊ နေခြည်ဦးက အဆိုပါအမျိုးသားကို အနမ်းပေးနေတဲ့ ပုံတွေက အွန်လိုင်းပေါ်မှာပျံ့နှံ့လို့နေပါတယ်။ အဆိုပါပုံနဲ့ ပတ်သက်ပြီး နေခြည်ဦးဘက်မှ ဘာတုန့်ပြန်မှုမှ မရှိသေးပါဘူး၊ သူမနဲ့ တရင်းတနှီး၇ှိလှတဲ့ အမျိုးသားဘက် ကတော့ ပြန်လည်ဖြေရှင်း ထားတာတွေ့  ရပါတယ်။ အွန်လိုင်းမှာပျံ့ခဲ့တဲ့ ပုံတွေက သူငယ်ချင်း အချင်းချင်း စနောက်ပြီးတင်လိုက်တဲ့ ပုံတွေပါတဲ့ လေ။

အဆိုပါ အမျိုးသားဖြေရှင်းပုံက ” မနေခြည်ဦး နဲ့ ပုံတွေက ဘော်ဒါ အချင်းချင်း စနောက်ပီး တင်လိုက်တာပါ ခင်ဗျာ၊ အပျော်သဘောကနေ အပျက်ဖြစ်သွားတာ စိတ်မကောင်းဘူးခင်ဗျာ ၊ ကျွန်တော့်ကြောင့် နစ်နာသွားရင် အားလုံးကို တောင်းပန်ပါတယ် ခင်ဗျာ ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြထားပါတယ်။

သူစနောက်ခဲ့တဲ့ ပုံတွေပေါ်က စာသားလေးကတော့ ” အများမမြင်အောင် ချစ်ရတာ မလွယ်ပါလား နေခြည်ရယ် “တဲ့လေ။ ချီချီရဲ့ ချစ်ပရိသတ်ကြီးက ဒီသတင်းလေးကို မျှဝေပေးလိုက်ကြပါဦးနော်။ ချစ်ရပါသော မိုမိုလေးချစ်ပရိသတ်ကြီးရေ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

KKK(momolay)