ကျောင်းဆရာမလေး ဖြစ်သွားပြန်တဲ့ ဆုအိမ့်စံ

311

ချစ်စရာ မျက်နှာလေးကိုပိုင်ဆိုင်ထားရတဲ့ မင်းသမီး ဆုအိမ်စံကတော့ ရုပ်ရှင်လောကမှာ နေရာတစ်နေရာ ရရှိလာပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အခိုင်အမာရရှိနေသူလည်းဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ရုပ်ရှင် ၊ ဗီဒီယိုတွေကို အဆက်မပြတ်ရိုက်ကူးနေပြီး လူမှုကွန်ရက်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်နေသူလည်းဖြစ်ပါသေးတယ်။

ဆုအိမ့်စံက မင်းသားသူရိယနဲ့အတူ သာယာတဲ့ချစ်သူဘ၀ကို ပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။ အခုမှာတော့  ကျောင်းဆရာမပုံစံလေးနဲ့ ရိုးရိုးလေးလှနေတဲ့ သူမက ရုပ်ရှင်ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို မျှဝေပေးရင်း နဲ့ ဆယ်တန်းစားမေးပွဲဖြေနေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေအတွက်လည်း ဆုတောင်းပေးလိုက်ပါသေးတယ်။

သူမရဲ့လူမှုကွန်ရက်မှာ ” ၁၀ တန်းစာမေးပွဲဖြေနေတဲ့ ညီမလေးတွေမောင်လေးတွေအားလုံး ဂုဏ်ထူး(၆)ဘာသာနဲ့အကောင်းဆုံးဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် … ဆရာမ ကလေးတွေကို စာသင်ပေးပြီးအပြန်ပေါ့နော်”  ဆိုပြီး ရေးသားမျှေဝထားတာတွေ့ရပါတယ်။

source : Hsu Eaint San