ဆီးချို၊သွေးချို “မငိုပါနဲ့ဒကာမကြီးရယ်”

513

ဆီးချို၊သွေးချို “မငိုပါနဲ့ဒကာမကြီးရယ်”

နနွင်းခါး၊ရှိန်းခို၊သိန္ဓောလို ဟုဆိုရပါမည်။

“မငိုပါနဲ့ဒကာမကြီးရယ်”

“အနာရှိရင်ဆေးလည်းရှိမှာပါ”

“ဒီရောဂါကုသလို့မရနိုင်တော့ဘူးလားဘုရား”

တပည့်ရင်း ဒကာမကြီးအား ဆရာတော်ဦးကုသလသာမိ သနားဂရုဏာသက်၍ပေးခဲ့သောဆေးနည်း ဖြစ်ပါသည်။

နနွင်းခါး တစ်ဆယ်သား

သိန္ဓောဆား နှစ်ကျပ်သား

ရှိန်းခို နှစ်ကျပ်သား

(ပရဆေးဆိုင်များတွင်လွယ်ကူစွာရရှိပါသည်)

စုစုပေါင်းတစ်ဆယ့်လေးကျပ်သားကို အမှုန့်ပြုပြီးရေအေးနှင့် သင့်စွာရောစပ်ပြီး သမအောင်မွှေပေးရသည်။

ဆေးလုံး၍ရ လောက်လျှင် ဆီးသီးကင်းခန့်အလုံးလေး များလုံးကာ နေအေးသောအရိပ်တွင်ဖြန့်ကာ လှန်းပါ။

ဆေးလုံးလေးများခြောက်သွေ့သွားပါက လေလုံသောဖန်ပုလင်းထဲထည့်ပြီးအဖုံးလုံ အောင်သိမ်းရပါမည်။

̏ နံနက်(၃)လုံး၊ညနေ(၃)လုံးအချိန်မှန်မှန်သောက် သုံးသွားမယ်ဆိုပါက ဆီးချို၊သွေးချိုဝေဒနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ် ဒကာမကြီး˝

နက္ခတ္တရောင်ခြည်မဂ္ဂဇင်းအမှတ်(၃၄၇)(ဆီးချို၊သွေးချိုပျောက်ကင်းလိုလျင်မှထုတ်နုတ်ပါသည်)

နနွင်းခါး(ရှင်နာဂသိန်ကျမ်းအဆို)

ယင်းသည်အိမ်သုံးစားနနွင်းကဲ့သို့ဖြစ်သည်။ အရွက်သေးကာအပင်နိမ့်၍ ဥသေးငယ်ပါသည်။နနွင်းခါး(၃)မျိုးရှိသည်-

အသွေးအရောင် ၀ါဖျော့ဖျော့ဥကြီးမျိုး

အသွေးအရောင်ဝါရင့်သောဥကြီးမျိုး

အသွေးအရောင်ဝါရင့်သောဥသေမျိုးတို့ဖြစ်သည်။
ဥသေးအ၀ါရင့်ရောင်သည် ဆေးသုံးရန်အကောင်းဆုံးဖြစ်သည်။

ဝေဒနာရှင်အားရှိဖွယ်

သွေးတိုးရောဂါမှ တဆင့် လေဖြတ်ခြင်း၊ထိုမှဆီးချို၊ အသာအေးခြင်း၊ရုပ်လေးခြင်း၊ဆီး လမ်းကျဉ်း၍ဆီးမဆင်းခြင်းတို့ဖြစ်ခဲ့ပါမူ နနွင်းခါးသက်သက်ကို အမှုန့်ပြု၍ ပျားရည်စစ် စစ်နှင့်တေကာတစ်နေ့သုံးကြိမ် သုံးစွဲပါက

ကုလို့မရတော့သည်(ဥပက္ခေယျ)ဆရာလက် လွှတ်ထားသော မျှော်လင့်ချက်မရှိသည့့််ရောဂါဝေဒနာများကိုပင်ပျောက်ကင်းစေသည်။

သဘာဝစွမ်းရည်သတ္တိတန်ခိုးဖြင့်သာ အကျိုးရရှိစေမှုကိုသိနိုင်သောဆေးပစ္စည်းမျိုးဖြစ်၍ လရှည်နှစ်ရှည်သုံးစွဲသွားပါက အသေအချာအ ကျိုးရှိမှာ အမှန်ပင်ဖြစ်ပေမည်။

လိုသူတို့ စိတ်နှလုံးပြုံးနိုင်ပါစေ…

ရဲမျိုးသူ(ဗောဓိမြိုင်)