ရှားစောင်းလက်ပပ်နဲ့ မျက်နှာကို တစ်ရက်တစ်ခါ ပုံမှန်ပွတ်ပေးရင် ရလာမယ့်အကျိုး

1967

ရှားစောင်းလက်ပပ်နဲ့ မျက်နှာကို တစ်ရက်တစ်ခါ ပုံမှန်ပွတ်ပေးရင် ရလာမယ့်အကျိုး

ရှားစောင်းလက်ပပ်ဟာဆိုရင် အလှအပရေးရာနဲပတ်သက်လို့ မပါမဖြစ် ဆေးစွမ်းကောင်းတစ်လက်လို့ ဆိုရင် မမှားပါဘူး။

ရှားစောင်းလက်ပပ်ကို တခြားဘာနဲ့မှ မရောစပ်ပဲ မျက်နှာကို တစ်နေ့တစ်ကြိမ် ပွတ်ပေးလိုက်ရုံနဲ့ အံ့သြစရာကောင်းတဲ့ရလဒ်ကို ရရှိလာမှာပါ။ အသုံးပြုနည်းကတော့ ဒီမှာပါ။

အသုံးပြုရန်နည်းလမ်း

ရှားစောင်းလက်ပပ်ကို အခွံမနွှာပဲ စင်ကြယ်နေအောင်ဆေးလိုက်ပါ။

အဲဒီ့ရှားစောင်းလက်ပပ်ကို လက်လေးနဲ့သာသာလေးချေပေးလိုက်ပါ။

ပြီးရင်တော့ ဓါးလေးနဲ့ လိုအပ်သလောက်ပိုင်းလိုက်ပါ။
ပြီးရင်အပြားလိုက်ခွာပြီး အနှစ်တွေကို ခြစ်ထုတ်လိုက်ပါ။

ပြီးရင် အနှစ်ကို သန့်စင်ပြီးသား မျက်နှာပေါ်မှာ ပွတ်လိမ်းပေးရုံပါပဲ။

မိနစ်နှစ်ဆယ်လောက်အခြောက်ခံပြီး သန့်စင်တဲ့ရေလေးနဲ့ဆေးကြောပေးလိုက်ပါ။
ဆပ်ပြာမသုံးပါနဲ့။

ဒီနည်းလမ်းလေးကို ညအိပ်ရာမဝင်ခင်ပုံမှန်လုပ်ပေးရင် တစ်ပတ်အတွင်း ကြည်လင်ပြီးတောက်ပနေတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ရမှာပါ။

Credit: htoomyatlinn