ကင်မရာမြင်ရင် ရီချင်တယ်ဆိုတဲ့ ချိုပြုံးရဲ့မြေးလေး ၀င်းခန့်မိုး

617

အကယ်ဒမီ မင်းသမီးကြီး အန်တီချိုပြုံးရဲ့ မြေးလေး ၀င်းခန့်မိုးဟာ အသက်၁၇နှစ် သာရှိသေးပြီး ဆယ်တန်းအောင်ပြီးခါစ ဆယ်ကျော်သက် လူငယ်လေးဖြစ်ပါတယ်။ သူဟာ အဖွားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့် အနုပညာအလုပ်ကို လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး သူကိုယ်တိုင်ကလဲ ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ သူဟာ လက်ရှိအနုပညာ လှုပ်ရှားမှုအနေဖြင့် ပြီးခဲ့တဲ့ ၂လလောက်က အဖွားဖြစ်သူနဲ့အတူ အသဲလေးတွေပေးပါ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ထားတယ်လို့လဲ သိရပါတယ်။

သူဟာ ၂၀၁၇ခုနှစ်ရဲ့ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုအဖြစ်ပါဝင်ခွင့်ရရှိထားသူဖြစ်ပြီး အဆိုပါစာရင်းထွက်တဲ့ နေ့ကစပြီး သူ့ကို ၀န်းရံသူတွေ ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။ အရပ်အမောင်းကောင်းပြီး အသားလေးကလဲ ဖြူတယ် ရုပ်ရည်လေးကလဲ အရမ်းအချောကြီးထဲ မပါပေမယ့်လဲ ယောကျာင်္းပီသတဲ့ ရုပ်ရည်ပိုင်ရှင်မျိုးဖြစ်တာကြောင့် ကောင်မလေးတွေ အသည်းစွဲဖြစ်နေရပါတယ်။

သူက ရုပ်ရှင်ရိုက်ကူးရာမှာ အခက်အခဲမရှိသရုပ်ဆောင်နိုင်သော်လည်း သူရဲ့ ဆိုးရွားတဲ့ အကျင့်တစ်ခုကတော့ ကင်မရာကိုမြင်ရင် ရီချင်တဲ့ အကျင့်လေးပါ။ သူဟာ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ များစွာလုပ်ဆောင်သွားဖို့ရှိပြီး သူ့ကို အားပေးကြပါ၊ဝေဖန်ပေးကြပါဆိုပြီးလဲ သူက ပြောထားပါသေးတယ်။

မိုမိုလေးပရိသတ်ထဲမှာရော ၀င်းခန့်မိုးကို ၀န်းရံချင်တဲ့ သူတွေရှိတယ်မဟုတ်လား မျှဝေပေးလိုက်ကြဦးနော်။ ချစ်ရပါသော မိုမိုလေးပရိသတ်ကြီး ကျေးဇူးတင်ပါတယ်လို့။

KKK(momolay)