ကိုရီးယားမှာ Idol အနေနဲ့ပွဲဦးထွက်မယ့် ဂျပန်အပြာမင်းသမီး

1107

အပြာကားတွေမရိုက်ကူးခင်က J-pop Idol ဖြစ်ခဲ့တဲ့ Mikami Yua ဟာ ယခုမှာတော့ K-Pop Idol ဖြစ်လာဖို့လက်တစ်ကမ်းအလိုမှာဖြစ်နေပါပြီ။

Mikami Yua ဟာ လိင်ပိုင်းဆိုင်ရာအသားပေးဇာတ်လမ်းတွဲတွေရိုက်ကူးလာတာ ၂၀၁၆ခုနှစ်ကတည်းကပါ။

သူဟာ ၂၀၁၄တုန်းကတော့ အသက်မပြည့်သေးဘဲနဲ့လည်း မူးယစ်သေစာသောက်စားနေခဲ့ပြီး အိမ်ထောင်ရှိတဲ့ယောက်ကျာ်းတစ်ယောက်နဲ့တူတူပွေ့ဖက်နေတဲ့ ကောလဟာလတွေ ထွက်ခဲ့ပြီး ဓာတ်ပုံတွေပါထွက်လာခဲ့ပါတယ်။ (Japan မှာအသက်၂၀ပြည့်မှသာအရက်သေစာသောက်စားခွင့်ရှိပါတယ်။)

သူမဟာ ၂၀၀၉ မှ ၂၀၁၄ အတွင်း Momona Kita နာမည်နဲ့ SKE48 အဖွဲ့မှာ အနုပညာလှုပ်ရှားမှုတွေလုပ်ခဲ့ပါသေးတယ်။

SKE48 ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့စဉ်က သူမဟာ Team KII, Team E နဲ့ Team S အစရှိတဲ့အဖွဲ့ခွဲ တွေမှာ ပါဝင်ဖျော်ခဲ့တာဖြစ်တဲ့အတွက် သူမမှာ အနုပညာအတွေ့အကြုံတွေအများကြီးရှိပါတယ်။

သူမဟာ K-POP နဲ့ ပတ်သတ်ရင်အမြဲစိတ်ဝင်တစားရှိခဲ့ပြီး K-pop သီချင်းတွေကို အဆို၊ အကတွေ ပြန်လည်ကပြသီဆိုခဲ့တဲ့အတွက် ကိုရီးယားပရိတ်သတ်တွေဆီ မှလည်း စိတ်ဝင်စားမှုအများကြီးရရှိထားသူပါ။ သူမဟာ အဆိုတော်ကောင်၊ အကကောင်းသူတစ်ယောက်အနေနဲ့လည်း သတင်းမွှေးခဲ့ပြီး ကိုရီးယားIdol တစ်ယောက်အနေနဲ့ အလားအလာကောင်းရှိတယ်လို့လည်း သတင်းမွှေးသူပါ။

အနုပညာလောကရဲ့ သတင်းအရ သူမဟာ မတ်လထဲမှာ ပွဲဦးထွက်မယ်လို့ သိရပေမယ့် အရင်အပြာမင်းသမီးတစ်ယောက်ဟာ K-pop လောကထဲကိုဝင်ရောက်လာမှာဖြစ်တဲ့အတွက် မတင်မကျဖြစ်တဲ့ ဝေဖန်သံတွေညံနေလျက်ပါပဲ။ ဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ့်အနေအထားပါပဲ။

GI GI (momolay)