အရိပ္လား…တကယ့္သရဲအစစ္လားဆိုတာ ဗီဒီယိုထဲမွာသာၾကည့္လိုက္ပါ


Thornaby-on-Tees, North Yorkshireက Stockton Riversideကောလိပ်မှာဘယ်သူမရှိတော့တဲ့ကျောင်းခန်းထဲတွင် ထိုင်နေတဲ့အရိပ်တစ်ခုကြောင့် ကျောင်းသားတွေ ဇဝေဇဝါဖြစ်နေရပါတယ်။ရှုပ်ထွေးပေမယ့်လည်း ဖြေရှင်းချက်တွေတော့ရှိပါတယ်။

(Photo: Local World/GazetteLive)




games design lecturer,Paul Ableyက ‘လူတစ်ချို့လည်း အဲ့ဒီမှာထိုင်နေတဲ့အရိပ်ကိုတွေ့သွားတော့ လန့်သွားကြတယ် ‘လို့ The Gazette Live ကိုပြောပါတယ်။ ဒါပေမယ့် အခြားအခန်းပြတင်းပေါက်က အလင်းပြန်တာလည်းဖြစ်နိုင်တယ်လို့ ပြန်ရှင်းထားပါတယ်။

“လူတစ်ချို့ကတော့ သရဲလို့ထင်ကြတယ်..ရုတ်တရက်ဆိုတော့လည်း အဲ့ဒီအရိပ်က ဘယ်ကရောက်လာမှန်းစဉ်းစားမရဘူးလေ။ ကြောက်စိတ်ပြေအောင် ကျွန်တော်တို့ကစနောက်ပြီးပြောပေမယ့် စိတ်ထဲမှာတော့ လန့်နေကြပုံပဲ”

ကောလိပ်မှာ၂နှစ်နီးပါးအလုပ်လုပ်လာတဲ့ Paul က ကိုယ်တွေမသိနိုင်တဲ့သဘာလွန်ဖြစ်ရပ်တွေ ဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်.. ဒီအရိပ်ကိုတော့ ပြီးခဲ့တဲ့အပတ်ကမှသတိထားမိခဲ့တာဖြစ်ပါတယ်။ မီဒီယာနဲ့ပတ်သတ်တဲ့အခန်းဆိုတော့ တစ်နေ့ကို ၂ခါ ၃ခါလောက်ပဲ အသုံးပြုဖြစ်ပါတယ်..ကျန်တဲ့အချိန်ဆို မီးတွေမှောင်ပြီး ဘယ်သူမှမရှိပါဘူး။အမြင်မှားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။