အခုတလော အင်တာနက်မှာကျော်ကြားလာတာကတော့ Youtube ကနေစတင်ခဲ့တဲ့ “Straight-arm challenge” ဖြစ်ပါတယ်။ ဒီ challenge ဟာ လက်မောင်းမကွေးဘဲနဲ့ အရည်သောက်နိုင်အောင် ကြိုးစားတဲ့ challenge တစ်ခုဖြစ်ပြီး The Sun သတင်းစာမျက်နှာကနေ တွေ့ရှိခဲ့တာပါ။

YOUTUBE

တံတောင်ကွေးလို့မရတာကြောင့် လက်မောင်းကိုခေါင်းပေါ်ဆီဆန့်ထုတ်ကာ အပေါ်ကနေ ပါးစပ်ထဲကိုအရည်လောင်းထည့်ရတာဖြစ်ပါတယ်။  စိတ်ကူးကြည့်လိုက်ရင် လွယ်မယောင်ထင်ရပေမယ့် လက်မောင်းမကွေးဘဲ ပါးစပ်ထဲအရောက် တစ်ခုခုသောက်နိုင်ဖို့ဟာ အလွန်ခက်ခဲတဲ့ကိစ္စပါ။

YOUTUBE

ဗီဒီယိုတွေမှာကြည့်လိုက်ရင်တော့ လက်မောင်းကွေးပြီး သောက်လို့မရတာကြောင့် သောက်စရာတွေဟာ မျက်နှာပေါ်ကိုလောင်းချလိုက်သလို ဖြစ်သွားတာတွေ့ရမှာဖြစ်ပါတယ်။ မျက်နှာအပြင် ခန္ဓာကိုယ်နေရာအနှံ့အပြားကိုလည်း အရည်တွေအားလုံးဖိတ်စင်ကျသွားတာကိုလည်း မြင်ရမှာပါ။

YOUTUBE

နောက်တဖန် OTT prankster တစ်ယောက်ဟာ နို့တစ်ဂါလံကို စူပါမားကတ်အလယ်မှာသောက်ပြခဲ့ပါတယ်။ နောက်ဆုံးမှာ သူ့တစ်ကိုယ်လုံး နို့တွေနဲ့စိုရွှဲကုန်ပါတယ်။ ဗီဒီယိုပြီးခါနီးနားလောက်မှာတော့ Kristen အမည်ရှိ prankster တစ်ယောက်က ငရုတ်ဆီပုလင်းယူပြီး challenge လုပ်ရာမှာ ငရုတ်ဆီတွေသူ့မျက်လုံးထဲဝင်ကုန်တာတွေ့ရပါတယ်။

YOUTUBE

ရွှင်မြူးစရာ straight arm challenge ဗီဒီယိုကို youtube မှာကြည့်ရှုသူပေါင်း (၂)သောင်း(၃)ထောင်ကျော်ခဲ့ပြီးဖြစ်ပါတယ်။ Facebook ပေါ်မှာတော့ ကြည့်ရှုသူပေါင်း (၂၁)သန်းရှိခဲ့ကြောင်း သိရပါတယ်။

လင်းလင်း(Shwemom)