သူလည်း စိတ်မထိန်းနိုင်တော့လို့ နေမှာပေါ့



တရုတ်ပြည်ကစားသောက်ဆိုင်တချို့မှာလည်း ဂျပန်နိုင်ငံကလိုမျိုးဘဲ ဆူရှီ girl ၀န်ဆောင်မှု့တွေရှိနေပါပြီ။ ဆူရှီ Girl ဆိုတာဘာလည်းဆိုတော့ အဝတ်အစား မပေါ့်တပေါ်လေးတွေဝတ်လို့ ခန္ဓာကိုယ်ပေါ်မှာ ဆူရှီလေးတွေကို တင်ကာ လူအလယ်ကောင်က စားပွဲပေါ်မှာ ပက်လက်လှန်အိပ်နေရတဲ့ သူလေးဘဲဖြစ်ပါတယ်။

ဒီလိုဝန်ဆောင်မှု့ထူးထူးဆန်းဆန်းကို တရုတ်ပြည်က တိုင်ယွမ်မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ ပေးထားဖြစ်ပြီး တော့ အဲ့ဒီဆိုင်မှာဘဲ ပြဿနာတက်ခဲ့တာဘဲဖြစ်ပါတယ်။အကြောင်းအရာကတော့ လာရောက်စားသုံးသူအမျိုးသား တစ်ယောက်က အဲ့ဒီ ဆူရှီ girl လေးကိုတူနှင့် ထိုးခဲ့တာကြောင့်ဘဲဖြစ်ပါတယ်။



၎င်းဆူရှီ girl လေးရဲ့ ပြောပြချက်အရတော့ တမင်သက်သက် ရည်ရွယ်ချက်ဖြင့် ထိုးတာပါလို့ဖြစ်ပြီး အမျိုးသားကတော့ မတော်တဆလို့သာ ပြောနေခဲ့ပါတယ်။ ဒါပေမယ့် သူဘယ်လိုဘဲပြောပြော ကောင်မလေးကတော့ လူလည်ကောင်မှာ တင် ပြောဆိုလို့ စကားများခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဗီဒီယိုမှာ ပါတဲ့ အတိုင်းကောင်မလေးကတော့ ခုံပေါ်ကဆင်းလို့ ၎င်းအမျိုးသားကို ရိုက်နှက်ခဲ့ပါတော့တယ်။ဒီလို ဆူရှီ Girl ရိုးရာကိုတော့ ဂျပန်နိုင်ငံက စတင်ခဲ့တာဖြစ်ပြီးတော့ Nyotaimori လို့ ခေါ်စမှတ်ပြုကြပါတယ်။