ပထမဦးဆုံးရင်သွေးလေး မွေးပြီးလို့ ၃ လအကြာမှာ ကြောငြာပြန်လည်ရိုက်ကူးတဲ့ Lee Si Young ရဲ့ပုံရိပ်တွေကို အင်စတာဂရမ်ကနေတဆင့် မင်းသမီးကမျှဝေပေးခဲ့ပါတယ်။ ကလေးမွေးထားတဲ့ မိခင်တစ်ဦးလို့ပြောရင် ယုံရခက်လောက်အောင် ကျစ်လျစ်ပြီးသွယ်လျလှပနေတဲ့ Lee Si Young ရဲ့ ခန္ဓာကိုယ်အလှကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Lee Si Young တစ်ယောက်မြန်မြန်ပြန်ပြီး ကျစ်လျစ်သွယ်လျသွားတာကို သူ့ပရိသတ်တွေက ချီးကျူးထောပနာ ပြုနေကြပါတယ်။ မင်သမီး Lee Si Young ဟာ ယမန်နှစ် စက်တင်ဘာလက ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သားဦးလေးကိုတော့ ဒီနှစ်ဇန်န၀ါရီလမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Myat Su Nyein