အူဝဲ (အိန္ဒြာကျော်ဇင်) နဲ့ မမိုး (မိုးဟေကို) တို့ နှစ်ယောက်ကတော့ ဖက်ရှင်ပိုင်းမှာဆိုရင် တကယ့်နာမည်ကြီး ဒိတ်ဒိတ်ကြဲ တွေပါ။အနုပညာ သက်တမ်းကတော့ အူဝဲက မိုးဟေကိုထက် ပိုပြီး စီနီယာကျပါတယ်။

အူဝဲကဆိုရင်လည်း အပျိုလေးဘ၀ကနေ ကလေးနှစ်ယောက် အမေဖြစ်တဲ့ အထိ ဖက်ရှင်ပိုင်းရော၊အလှအပ ပိုင်းမှာပါ လုံးဝ ကျမသွားတဲ့ မင်းသမီးတစ်ယောက်ပါ။

အဲ့ဒီလိုပဲ မိုးဟေကိုကလည်း ဖက်ရှင်ပိုင်းမှာ တကယ်တော်တဲ့ မင်းသမီးအဖြစ် အသိအမှတ်ပြုခံထားရပြီး  အခု ဆို ရင်တော့ အမိုက်စားဖက်ရှင်တွေနဲ့ သူမရဲ့ တည်ငြိမ်တဲ့ အလှတို့ ပေါင်းစပ်ပြီး “မမမိုး” ဆိုပြီး ပုရိသ တွေကြား မှာ ရေပန်စားနေသူပါ။

သူတို့ရဲ့ ၀တ်စုံလေးတွေကိုတော့ Kaung Myat Couture  က ဖန်တီးထားတာပါ။ အူဝဲ ကတော့ ခရမ်းေ ရာင်လေး နဲ့  နူးညံ့ပျော့ပျောင်းပြီး နွေးထွေး နန်းဆန်တဲ့ အလှတရားကို ဖော်ကြူးနေပြီး၊ အစိမ်းရောင် ၀တ်စုံလေးကို ၀တ်ဆင် ထားတဲ့ မိုးဟေကိုတော့ သဘာဝနဲ့ ဟန်ချက်ညီညီ ယိမ်းနွဲ့လှုပ်ရှား ညှို့ငင်စွဲဆောင်တတ်တဲ့ အလှတရားကို ကိုယ် စားပြုနေတယ်ဆိုပြီး ဒီဇိုင်နာကောင်းမြတ်ရဲ့ fb မှာ ပုံလေးတွေကို တင်ထားတာပါ။

 

phots from Designer Kaung Myat – Haute Couture, အူဝဲရဲ့ fb