သင်္ကြန်ပုံရိပ်တွေကို ပီပီပြင်ပြင် ဖော်ကြူးမယ့် လူမင်းနဲ့ သင်ဇာဝင့်ကျော်

48

ပရိသတ်တွေရဲ့ အားပေးမှုတွေအခိုင်အမာရရှိထားတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ လူမင်းနဲ့ သင်ဇာဝင့်ကျော်ကတော့ မကြာသေးခင် ရက်ပိုင်းလောက်ကမှ ပြီးသွားခဲ့တဲ့ သင်္ကြန်ပွဲတော်ကြီးကို ပရိသတ်တွေကို သရုပ်ဖော်တင်ဆက်နိုင်ဖို့အတွက် ရုပ်ရှင်ကားတစ်ကားမှာအတူ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဇာတ်ကားရဲ့ နာမည်ကတော့ ‘အချစ်သင်္ကြန်ခေတ်သင်္ကြန်’ လို့အမည်ရပြီး ဇာတ်ကားကိုတော့ ပြင်ဦးလွင်မြို့မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ လူမင်းနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦးကတော့ အတွဲညီညီနဲ့ ကြိုးကြိုးစားစား သရုပ်ဆောင်နေကြတာကို တွေ့ရမှာပါ။

ရိုက်ကွင်းနောက်ကွယ်က ဓါတ်ပုံတွေကိုတော့ သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

Source: Thinzar Wint Kyaw